ဒေါက်တာ မောင်မောင်တုတ် ရေးသားသည်။============================အချိန်ကားမြန်မာနိုင်ငံကြီး ဖက်စစ် ဂျပန်တွေလက်အောက်ကြရောက်နေချိန် တောမီးလောင်တောကြောင်လက်ခမောင်းခက်ဆိုသလို ခေတ်ပျက်ချိန်မှာ သူခိုးဓားပြတွေကလဲမင်းမူလို့ မြန်မာတွေဟာ ဂျပန်တွေရဲ့နှိုတ်စက်မှုတွေကို ခါးစီးပီးခံနေကြရချိန် နူရာဝဲစွဲ လဲရာသူခိုးထောင်းသလိုအသားထဲကလောက်ထွက်တဲ့ ဂျပန်အလိုတော်ရိတွေရဲ့အနိုင်ကျင့်မှုတွေကိုလဲ ပူးတွဲပီးခံနေကြရပါတယ်aaaီအဲဒီချိန်မှာပဲ§မြန်မာနိုင်ငံမြေလတ်ဒေသရဲ့တစ်နေရာမှာရှိတဲ့ သာသာကုန်းဆိုတဲ့ရွာကြီးတစ်ရွာမှာ ဂျပန်အလိုတော်ရိ ကိုကို ဆိုတာ ကြီးစိုးမင်းမူလို့နေပါတော့တယ်အလိုတော်ရိ ကိုကိုဟာ ဒီရွာမှာမွေး ဒီရွာမှာကြီးပေမဲ့ သူရဲ့မိဘတွေကလယ်မြေဧကတွေအများကြီးပိုင်ဆိုင်လေတော့ မြို့ပေါ်ကဟိုက်စကူးမှာကျောင်းထားပေးခဲ့ပါတယ် ဒါပေမဲ့လဲ အပျော်ပါးမက်တဲ့ကိုကိုဟာ ၈တန်းနဲ့ပဲကျောင်းထွက်ခဲ့ပါတယ်
ရွာမှာကသေစာ ရှင်စာတောင်မတက်ကြတဲ့ သူတွေထဲမှာ ကိုကိုကတော့သူ့ကိုယ်သူ မြို့ပိုင်မင်းလောက်ကိုထင်နေတော့တာပါပဲ ရွာမှာလဲ ကြက်တိုက်ဖဲရိုက် ထန်းရည်သောက် သူများသမီးပျိုတွေကိုလဲ ပန်းကောင်းအညွှန့်ချိုးဒီလိုနဲ့ပဲ နေလာလိုက်တာ အင်္ဂလိပ်တွေဆုက်ပီး ဂျပန်တွေဝင်လာတဲ့အခါမှာ မြို့ပေါ်နဲ့အရောက်ပေါက်ရှိတဲ့ ကိုကိုဟာ ဂျပန်တွေရဲ့အောင်မြင်မှုအနိုင်ထက်လုပ်မှုတွေကိုမြင်ပီး သူ့ရဲ့နဂိုဗီဇနဲ့ ဂျပန်တွေနဲ့ကိုက်ညီလေတော့ ဂျပန်စကားကိုကြိုးစားပီး သင်ယူပီး ဂျပန်တွေရဲ့စကားပြန်အဖြစ် လုပ်နေလိုက်ပါတယ်
ဒီအခါမှာတော့ကျားဆိုးကိုအတောင်တက်ပေးသလိုဖြစ်ပီး သူ့ဒဏ်တွေကိုအခံကြရဆုံးကတော့ ရွာကလူတွေပါပဲ လက်ထဲမှာ အာဏာကရှိနေလေတော့ အရင်ကလက်တွန့်စိုးရွံ့ခဲ့တာတွေတောင်မှာ အခုအခါမှာတော့ လက်မရွံ့လုပ်လာခဲ့ပါတယ် ရွာတွေကလူတွေကတော့ ကိုကို ကိုမုန်းကြလွန်းလို့ သူ့အသံကိုတောင်မကြားခြင်ဘူး အသံကြားရတာကို ခိုကြီးငြီးနေသလိုကြီး ကျက်သရေမရှိဘူးဆိုပြီး သူ့အမည်ကိုလဲခိုခို လို့ပဲခေါ်ကြတော့တာပါပဲ
ဒီလိုနဲ့ခိုခိုတစ်ယောက် အသားကုန်ဆိုးသွမ်းနေပါတော့တယ်။
သာယာကုန်းရွာကြီးရဲ့အစွန်နားမှာတော့ ဆင်းရဲသားလေးမောင်မောင်ဆိုတာရှိပါတယ် မောင်မောင်ဟာ သူများလယ်တွေကို အငှါးယူုပီးလုပ်နေရတဲ့သူပါ မောင်မောင်မှာ နှင်းနုဆိုတဲ့ညီမတစ်ယောက်ရှိပါတယ် သူတို့မိဘတွေကတော့ နှင်းနုငယ်စဉ်မှာပဲပိုးထိပီးဆုံးပါးသွားကြပါပီ မောင်မောင်ကတော့ မိဘများမရှိကြတော့နှင်းနုကို မိဘလိုတဖုံ အကိုလိုတစ်သွယ် အရိပ်တကြည့်ကြည့်နဲ့ပဲ ပြုစုစောင့်လျောက်နေခဲ့တာပေါ့ အခုဆိုရင် နှင်းနုလေးတောင် အပျိုသွေးလေးကြွယ်ပီး လှသွေးဝင်တဲ့အရွယ်ကိုရာက်လာပါပီ မောင်မောင်နဲ့နှင်းနုတို့မောင်နှမ အေးချမ်းစွာနဲ့ပဲဘဝကိုဖြတ်သမ်းနေကြရင်း တစ်နေ့မှာတော့ ကြမ္မာဆိုးကြီးဟာ ဝင်ရောက်လာပါတော့တယ်။
“ကိုကြီး ညီမလေးထမင်းဟင်းတွေချက်ပီးပီ ထွေးမြတို့နဲ့ရေခပ်သွားလိုက်ဦးမယ်နော်”
“အေးအေး ညီမလေး စောစောပြန်လာခဲ့နော် မိုးမချုပ်စေနဲ့ ခေတ်ကာလကမကောင်းဘူး”
“ဟုတ်ကိုကြီး”
ညီမလေးနှင်းနုထွက်သွားတော့မောင်မောင်လဲ ရွာအရှေ့ပိုင်းကလယ်ပိုင်ရှင်ကြီးအိမ်ကိုထွက်လာခဲ့ပါတယ် မနေ့ကလယ်ပိုင်ရှင်ကြီးနဲ့တွေ့တုန်းက မနက်ဖန်ကြရင်လာခဲ့ဦးလို့ပြောထားလို့ပါ မောင်မောင်က ရိုးဖြောင့်တဲ့လူရိုးလူအေးဆိုတော့လယ်ပိုင်ရှင်ကြီးဟာ မောင်မောင်တို့မောင်နှမအပေါ်မှာ သနားညှာတာပီးမကြာခဏခေါ်ပြီး လိုအပ်တာလေးတွေပေးလေ့ရှိပါတယ်။
“ဟော မောင်မောင်ပါလားဟေ့လာကွဲ့ ထမင်းစားပီးပီလား မစားရသေးရင်စားသွား”
“ဟုတ်ကဲ့ နေပါစေအဘ အိမ်ကြမှပဲညီမလေးနဲ့စားပါတော့မယ် နှင်းနုကသူချက်ထားတာလေးနဲ့ အတူတူစားမှကြိုက်တာမို့ပါ”
“အင်းးဒီမောင်နှမနှစ်ယောက်ကတယ်လဲ သံယောဇဉ်ကြီးကြသကိုးကွဲ့”
“ဒါနဲ့အဘ ကျနော့ကိုခေါ်ရတဲ့အကြောင်းလေးကရောခင်ဗျ”
“အေး ခေါ်ရတဲ့အကြောင်းရင်းကတော့ ဒီနှစ်ငါ့ရဲ့အသက်၆၅နှစ်ပြည့်မှာ ရွာဦးကျောင်းမှာ ဆွမ်းကပ်မလို့အဲဒါကို မင်းအနေနဲ့ ချက်ရေးပြုက်ရေးမှာ ပါဝင်ဖို့ရယ် မြို့မှာနေတဲ့ ငါ့ညီမတို့မိသားစုလာရင် လှည်းနဲ့သွားကြိုပေးဖို့ရယ်ပါပဲ သူတို့က မြို့ကနေရထားနဲ့လာကြမှာ မင်းက မြိုင်သာဘူတာမှာသွားကြိုရမှာ”
“ဟုတ်ကဲ့အဘ အပန်းမကြီး ရပါတယ် မြို့ကဧည့်သယ်တွေကို ဘယ်နေ့သွားကြိုရမလဲအဘ”
“ဖိန်းနွဲခါကြရင် လာကြလိမ့်မယ်မင်းကမနက်စောစောထပီးသွားပေါ့”
“ဟုတ်ကဲ့အဘ အဲဒါဆိုရင် ကျနော်ုပြန်လိုက်ပါဦးမယ်”aaaမောင်မောင်လယ်ပိုင်ရှင်ကြီးကိုနှုတ်ဆက်ပီးပြန်လာတော့ မှောင်စတောင်ပြုနေပါပီ အင်းး ညီမလေးနှင်းနုတော့ ပြန်ရောက်နေလောက်ပီထမင်းစားဖို့များ စောင့်နေမလားပဲဒီနှစ်ဘုရားပွဲမတိုင်ခင် ညီမလေးကိုထဘီနဲ့အင်္ကျီဝယ်ပေးရဦးမယ် သူများနှယ်တူဝတ်ရအောင်ပေါ့ အင်းး ပြောမဲ့သာပြောရတာ စားဖို့တောင်အနိုင်နိုင်ဆိုတော့ ဘာပဲဖြစ်ဖြစ်လေစုဆောငိးပီးတော့ဝယ်ပေးရမှာပဲရွာပွဲမှာ ညီမလေးမျက်နာမငယ်ဖို့ပဲအရေးကြီးပါတယ်။aaaမောင်မောင်လဲညီမလေးအကြောင်းတွေးရင်းနဲ့ပဲအိမ်ရှေ့ရောက်လာခဲ့ပါတယ်အိမ်တစ်လုံးလဲ မှောင်နေပါလား မီးလဲထွန်းမထားဘူး နှင်းနုပြန်မရောက်သေးတာလား တွေးရင်းနဲ့အိမ်ထဲကိုဝင်လာခဲ့ပါတယ် ။aaaနှင်းနု ညီမလေး နှင်းနုလို့ခေါ်ရင်းရေနံဆီမီးခွက်လေးကိုထွန်းလိုက်ပါတယ် တစ်ခါထက်ခေါ်တော့လဲပြန်ထူးသံမကြားရတော့ မောင်မောင်စိတ်ထဲ ထင့်သွားရပါပီ ညီမလေးကခါတိုင်းရေခပ်သွားရင် ဒီအချိန်ထိဘယ်တော့မှမနေပါ ဘာများဖြစ်နေလို့ပါလိမ့် မဖြစ်သေးပါဘူး ထွေးမြတို့အိမ်သွားမေးမှနေမယ် ဆိုပြီး အိမ်ထဲအထွက်မှာ အိမ်ဝင်းအပေါက်ကနေအသံကြားလိုက်ရလို့ အိမ်ထဲက မီးအလင်းရောင်နဲ့သေခြာကြည့်လိုက်တော့ နှင်းနုပြန်လာတာကို တွေ့လိုက်ရပါတယ်။
“ညီမလေးနှင်းနု ကြာလှပါလားဘာတွေများဖြစ်လို့လဲလို့ ကိုကြီးကလိုက်ရှာတော့မလို့ မျက်နာလဲမကောင်းပါလား ဘာဖြစ်လာလို့လဲ”
“ဟင့် ဟင့် ကိုကြီး ညီမလေးလေညီမလေး ဟင့် ဟင့်”
“ဟင် ဘာဖြစ်တာလဲညီမလေးကိုကြီးကိုပြော ဘာဖြစ်လာတာလဲ”
“ဟင့် ကိုကြီး ညီမလေးရှက်တယ်ညီမလေးမပြောခြင်ဘူး”
“မထိပ်သာမလန့်သာ ရှိလိုက်တာညီမလေးရယ် ငိုနေလို့မပီးသေးဘူးဘာဖြစ်တယ်ဆိုတာပြောမှ ကိုကြီးက လုပ်စရာရှိတာလုပ်ရမှာလေမရှက်နဲ့ညီမလေး ဖြစ်တာကိုသာကိုကြီးကိုပြောပြ”
“ဟုတ်ကိုကြီး ဒီလိုပါ ညီမလေးတို့ရေခပ်ပြန်လာတော့ ဟို ခိုခိုဆိုတဲ့လူကြီးက ညီမလေးရှေ့မှာပိတ်ရပ်ပီးတားလိုက်ပါတယ် ပီးတော့သူကပြောတယ် ဟဲ့ကောင်မလေး နင့်ကို ငါချစ်တယ်တဲ့ အဲလိုပြောပီး ညီမလေးလက်ကိုဆွဲတယ်ကိုကြီး ပီးတော့လေ ဟင့် ဟင့် ညီမလေးမပြောရဲတော့ဘူး ရှက်တယ်”
“ပြောပါညီမလေးရယ် ပီးတော့ဘာဖြစ်သေးလဲ”
“ဟုတ် ပီးတော့လေ အဲဒီခိုခိုက ညီမလေးကို ခြုံထဲကိုအတင်းဆွဲခေါ်ပါတယ် ထွေးမြတို့ကလဲ အဲဒီခိုခိုဆိုတဲ့လူကြီးကို ကြောက်လို့ပြေးကုန်ကြတော့ ညီမလေးတစ်ယောက်ထဲ သူဆွဲခေါ်ရာကို ကြောက်အားလန့်အားနဲ့ပါသွားရတာပေါ့ ခြုံထဲရောက်တော့သူက ညီမလေးကိုဖက်လိုက်ပီးးး”
“ဟင့် ရှက်တယ်ကိုကြီးရယ်ပြန်ပြောပြရမှာကို သူကပြောတယ်ကိုကြီး သူ့ကိုမကြောက်ပါနဲ့တဲ့အရင်ကဆိုရင်တော့ကြောက်ပေါ့တဲ့အခုကြကြောက်စရာမရှိတော့ပါဘူးတဲ့ ဘာလို့ဆိုရင် သူက အခု အပုန်းတစ်ယောက်ဖြစ်သွားပီတဲ့ ညီမလေးကို အခုလိုအတင်းဆွဲခေါ်လာရတာကလဲ ညီမလေးကို ယောင်းမတော်ခြင်လို့တဲ့ ညီမလေးကိုချစ်တယ်ဆိုတာကလဲ ယောင်းမလေးလိုချစ်တာတဲ့လေ ပီးတော့ အဲဒီခိုခိုကလေကိုကြီးကို တိတ်တခိုးလေးချစ်နေတာကြာပီတဲ့ အဲဒါကြောင့်လဲ သူ့ညီလေးကိုဖျက်ပစ်ပီး မျိုးကိုကိုစန်းလို လုပ်လိုက်တော့မယ် ဆိုလား ဘာဆိုလား မသိပါဘူး ကိုကြီးရယ် ညီမလေးလဲ ရှက်တာနဲ့အတင်းရုန်းပီးထွက်ပြေးလာလိုက်တော့တာပါပဲ”
“ငင့် ငါ့နယ်နော် ဂျပန်အလိုတော်ရိလူရမ်းကားကြီးက ညီမလေးကိုခြုံထဲဆွဲခေါ်သွားတာဆိုတော့ ညီမလေးများ ဘဝပျက်ပြီလားလို့ စိုးရိမ်လိုက်ရတာ အခုတော့ ငါပဲ ဘဝပျက်ရမဲ့ကိန်းပါလား ခိုခိုရယ်”
The End…